စာရေးသူ

အားလုံးမြင်နိုင်ရန်
Julie Ackerman Link

ဂျူလီ အက်ကာမန်း လင့်

ဂျူလီ အက်ကာမန်း လင့် (Julie Ackerman Link)သည် နာတာရှည်ကင်ဆာရောဂါ ခံစားရပြီးနောက် ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ဘုရားသခင်၏အိမ်တော်သို့ ပြန်သွားခဲ့သည်။ ၂၀၀၀ ခုနှစ် မှစ၍ ဆရာမသည် Our Daily Bread စာမူများကို လစဥ် ရေးသားခဲ့သည်။ သူမသည် Our Daily Bread စာဖတ်သူများ အကြိုက်များသူဖြစ်သည်။ သူမ၏ ထိုးထွင်းအမြင် ရှိသော၊ စိတ်ဓာတ် တက်ကြွစေသော စာမူများသည် ကမ္ဘာတလွှားရှိ လူသန်းပေါင်းများစွာ၏ အသက်တာကို တို့ထိခဲ့သည်။ သူမသည် Our Daily Bread Ministries ၏ အသင်းဝင်ဖြစ်သော Discovery House ပုံနှိပ်တိုက်မှ ထုတ်ဝေသော Above All, Love နှင့် A Heart for God စာအုပ်များကို ရေးသားခဲ့သည်။

စာမူ/ အကြောင်းအရာ များ ဂျူလီ အက်ကာမန်း လင့်

ရပ်ပြီးကြည့်ပါ

မျက်စိဆရာဝန်က ငြိမ်ငြိမ်နေဟု ပြောရာ ကျွန်မဘာမှ စောဒကမတက်ဘဲ ငြိမ်ငြိမ်နေလိုက်သည်။ ဖီဆန်လိုစိတ်လဲမဖြစ်ပါ။ နာမည်ကြီး မျက်စိခွဲစိတ်ဆရာဝန်က ကျွန်မဒအမြင်အာရုံများ ရေရှည်ခံအောင် ထိန်းသိမ်းစစ်ဆေးပေးနေခြင်းဖြစ်သောကြောင့် ကျွန်မက ပူးပေါင်းနာခံမှုရှိရန်လိုသည်။ သူ့စကားကို လျစ်လျူရှုပါလျှင် ကျွန်မ လူမိုက်ဖြစ်သွားပါမည်။ သို့ဆိုလျှင် ၀ိညာဉ်ရေးရာ ငြိမ်ဝပ်ရေးအတွက် ကျွန်မတို့ ထိုသို့အဘယ်ကြောင့် မပူးပေါင်း မနာခံ နိုင်သနည်း။ ငြိမ်ဝပ်အနားယူခြင်းသည် ဘ၀၏စည်းချက်တိုင်း၌ အရေးကြီးကြောင်း ဘုရားသခင်က သတ်မှတ်ထားသည်။ ငြိမ်ဝပ်ခြင်းမရှိလျှင် ဘယ်အရာကိုမှ ရှင်းလင်းပြတ်သားစွာ မြင်နိုင်မည်မဟုတ်ပါ။ ထို့ပြင် မိမိကိုယ်ကို ထင်သင့်သည်ထက်ပိုပြီးအရေးကြီးသည်ကို ထင်မြင်လာလိမ့်မည်။ အာဟပ်နှင့် ယေဇဗေလတို့နှင့် အပြင်းအထန် ထိပ်တိုက်ရင်ဆိုင်ပြီးနောက် ပရောဖက် ဧလိယမှာ ခြေကုန်လက်ပန်းကျသွားသည်။ ဘုရားသခင်က သူ့ကို ပြုစုစောင့်ရှောက်ရန် ကောင်းကင်တမန်ကို စေလွှတ်ပေးပြီး၊ သူငြိမ်ဝပ်စွာ အနားယူချိန်၌ “ထာဝရဘုရားသခင်၏နှုတ်ကပတ်တော် ရောက်လာသည်” (၃ ရာ ၁၉း၉)။ ဘုရားသခင်၏အမှုတော်ကို သူတစ်ဦးတည်း လုပ်နေရသည်ဟု ဧလိယထင်ခဲ့သည်။…

Selbsersorger-1

Die jungen Adler hatten Hunger, aber Mama und Papa war das anscheinend egal. Der älteste der drei versuchte das Problem selbst zu lösen, und begann an einem Ast zu knabbern. Aber der schmeckte wohl nicht, denn er hörte schnell wieder damit auf.

ပြောင်းလဲမှုရှုထောင့်အသစ်

အပြောင်းအလဲကို လူတို့မနှစ်မြို့တတ်ပါ။ အခြေအနေပိုကောင်းလာခြင်းထက် ပိုဆိုးမည် စိတ် အထင်ဖြင့် ထိုပြောင်းလဲမှုကို ယေဘုယျအားဖြင့် ဆန့်ကျင်တတ်ကြသည်။ ၀င်ငွေပိုကောင်းပြီး လုပ်ပိုင်ခွင့် ပိုရမည်ဆိုပါက အလုပ်အကိုင်ပြောင်းရန် စိတ်ထက်သန်ကြသည်။ ပိုကောင်းသည့်ဝန်းကျင်နှင့် ကြီးသော အိမ်သို့ ပျော်ရွှင်စွာရွှေ့ပြောင်းကြသည်။ ထိုသို့သောအပြောင်းအလဲကို ကျွန်မတို့သည် ပုံမှန်အားဖြင့် နှစ်သက်တတ်ကြပြီး ဆုံးရှုံးမှု ပါဝင်လာသောပြောင်းလဲမှု -ဥပမာ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ စိတ်ခံစားမှုများ ပြောင်းလဲရခြင်းကိုကား မကြိုက်ကြချေ။

အပြောင်းအလဲကို ရှောင်လွဲ၍မရပါ။ ပြောင်းလဲရန်လည်း လိုအပ်သည်။ ဘာမှမပြောင်းလဲဘဲ တစ်သမတ်တည်း ရှိနေမည်ဆိုပါက မည်သည့်အရာမှ ကြီးထွားလာမည်မဟုတ်ပါ။ သို့သော် အပြောင်း အလဲတစ်လျှောက် ကျွန်မတို့ကို လမ်းပြဦးဆောင်သွားမည့် သိုးထိန်းကြီးတစ်ဦး ရှိနေပြီး ကိုယ်တော်သည် ကျွန်မတို့ကို ပိုကောင်းသောနေရာသို့ ဦးဆောင်သွားပါသည်။ ဣသရေလလူတို့ ကတိတော်နယ်မြေသို့ ၀င်ရောက်ခဲ့စဉ်ကကဲ့သို့ပင် ပိုကောင်းသောနေရာသို့ ရောက်ဖို့အရေး အခက်အခဲများ ကြုံရဖွယ်ရှိပါသည်။ လူမျိုးတော်တို့သည် သူတို့၏အခြေအနေ ပိုကောင်းမလာဘဲ ပိုဆိုးလာသောအခါ…

လှပသောတဒင်္ဂအချိန်လေး

ကင်မရာတစ်ချက်လေးဖြင့်ထာဝရကာလအတွက် လှပသောတဒင်္ဂအချိန်လေးကို အမိအရဖမ်းယူ ရိုက်ကူးနိုင်ခဲ့၏။ နေရောင်ခြည်လွှမ်းသော ရေလှိုင်းများက ရွှေရည်များ ပက်ဖြန်းထားသကဲ့သို့ ကမ်းခြေ၌ ရွှေရောင်တောက်နေပါသည်။ ကျွန်မ၏သူငယ်ချင်းသာ ထိုနေရာ၌ ကင်မရာနှင့် ရှိမနေပါက တက်လာပြီး ကွယ်ပျောက်သွားသည့် အခြားသော ရေလှိုင်းများပမာ ထိုရေလှိုင်းမှာ လူသူမသိ ကွယ်ပျောက်သွားမည် ပင်။

မစ်ရှီဂန်ရေအိုင်မှ ရေလှိုင်းလုံးများ ကမ်းပါးဆီသို့ မည်မျှလှိမ့်၍ ၀င်ရောက်ခဲ့လဲ။ ထို့ပြင် ရေလှိုင်း တစ်ခုစီမှာ တစ်မျိုးစီ ထူးခြားနေပါ၏။ ထိုရေလှိုင်းတစ်ခုစီတိုင်း၌ မြင်တွေ့ရသည့်အတိုင်း ဘုရားသခင် သည် သာမန်ဟုထင်ရသောအရာများမှ လွန်စွာခမ်းနားသော အလှတရားကို ဖန်တီးလျက်ရှိသည်။ ရေနှင့် လေကို အသုံးပြုကာ အံ့ဖွယ်အနုပညာလက်ရာကို ဖန်ဆင်းသည်။ အထက်ကောင်းကင်၊ မြေကြီးပေါ်နှင့် ရေအောက်ပင်လယ် စသည့် ကိုယ်တော်၏အနုပညာလက်ရာပြခန်းကိုကြည့်ပြီး အံ့မခန်း ခံစားရသည်။ သို့ရာတွင် ကမ္ဘာကြီး၏အလှတရားအများစုကို ကျွန်မတို့ မမြင်နိုင်၊ ဘုရားသခင်တစ်ပါးတည်းကသာ တွေ့မြင်ပါသည်။

ဘုရားသခင်သည် သူ၏ဘုန်းတော်ထင်ရှားစေရေး “လူသားများ”တည်းဟူသော အနုပညာပြခန်း…

အသင်းတော်ထဲမှ အလှတရား

ကျွန်မတို့လင်မယားမှာ အိမ်အသစ်တစ်လုံး ဆောက်မည်ဟု ဆုံးဖြတ်လိုက်သောအခါ လျှပ်စစ်ကိရိယာ တန်ဆာပလာများနှင် လုပ်ကိုင်လိုသည့် မိတ်ဆွေများနှင့် မိသားစုကို အကူအညီ မတောင်းဘဲ ကောင်းမွန်၍ လှပသော အိမ်ကလေးကို ဖန်တီးရန် ကျွမ်းကျင်သော အိမ်ဆောက်သူ တစ်ဦးကို ငှားလိုက်ကြပါသည်။

အသင်းတော်အဆောက်အဦတွင် အလှဆင်ခြင်းကို အစဉ်သဖြင့် လူတို့ဦးစားမပေးတတ် ပါ။ အချို့သောသူများက စိတ်ကူးယဉ်မှုဟုယူဆပြီး အလှအပ တန်ဆာဆင်ခြင်းမှာ ဖြုန်းတီးခြင်းဟု ယူဆကြသည်။ ရှေးကာလက ဣသရေလတို့ ၀တ်ပြုကိုးကွယ်ရာနေရာ ဗိမာန်တော်တည်ဆောက် ရာ၌ ဘုရားသခင်၏သဘောထားမှာ ထိုသို့မဟုတ်ပါ။ ဘယ်သူမဆို တစ်ယောက်ယောက်ကိုခေါ်ပြီး သာမန်တဲတစ်လုံး မထိုးခိုင်းပါ။ ကျွမ်းကျင်သော ဗေဇလေလနှင့် အဟောလျဘတို့ကို ခန့်အပ်ထား ခဲ့ပါသည် (ထွ ၃၆း၁)။ တဲတော်ကို သိုးမွှေးအဆင်တန်ဆာ၊ ဆန်းသစ်လှပသော ဒီဇိုင်းများနှင့် အလှဆင်စေပါသည် (၃၇း၁၇-၂၀)။

ဝတ်ပြုကိုးကွယ်ရာ၌ လှပတင့်တယ်မှုက ဘုရားသခင်၏ထိုက်တန်ကြီးမြတ်မှုကို သတိရစေ သဖြင့် အရေးကြီးပါသည်။…

ဘုရားသခင်၏သဘောတော်အပေါ် အမြင်စောင်းခြင်း

ဈေးအသင့်အတင့်ဖြင့် မိမိ၏ရယ်စရာပုံစံကို ရေးဆွဲလိုသူများအတွက် ပုံတူရုပ်ပြောင်ဆွဲ သည့် ပန်းချီဆရာများ လူစည်ကားသည့်နေရာများ၌ရှိသည်။ မိမိ၏ရုပ်ပြောင်ပုံတူကို ရယ်စရာ ကောင်းအောင် ချဲ့ကားဆွဲထားသော်လည်း မိမိမှန်းသိလွယ်သောကြောင့် ထိုပုံတူများကို ကျွန်ုပ်တို့ သဘောကျတတ်သည်။

သို့သော် ဘုရားသခင်၏သဘောတော်နှင့်စပ်လျဉ်း၍ ချဲ့ကားခြင်းက ရယ်စရာမဟုတ်ပြီ။ ဘုရားသခင်၏ဂုဏ်တော်များထဲမှ တစ်ခုကို ချဲ့ကားခြင်းက ဘုရားသခင်အပေါ် လူအများ၏အမြင် စောင်းသွားအောင် ပုံပျက်သွားစေနိုင်၏။ ဘုရားသခင့် ဂုဏ်တော်ကိုအမြင်စောင်းလျှင် ကိုယ်တော် ကို အလေးအနက်မထားတော့ပါ။ ဘုရားသခင်ကို အမျက်ထွက်တတ်၍ အမှန်တရားကို တောင်းဆိုသော တရားသူကြီးအဖြစ် မြင်သူများက သူတို့ကို ကရုဏာပြသူနောက် အလွယ်တကူ ပါသွားသည်။ ဘုရားသခင်ကို သနားကြင်နာတတ်သော အဖိုးအဖြစ် တစ်လျှောက်လုံးမြင်လာသူ များက မတရားခံရလျှင်၊ တရားမျှတမှု လိုလားလျှင် ထိုအမြင်ကို စွန့်ပယ်ကြတော့သည်။ ဘုရား သခင်ကို အသက်ရှင်၍ ချစ်တတ်သောပုဂ္ဂိုလ်ထက် အတွေးအခေါ်ယူဆချက်အဖြစ်သာ ရှုမြင်သူ များသည် တစ်ဖြည်းဖြည်းနှင့် အခြားအတွေးအခေါ်များကို…